ပဲယင်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပဲယင်းသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါ သည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃ တင်းဝင်တစ်အိတ်လျှင် ပဲယင်း (နီ) ၂၂၀၀၀၀ ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ ပဲယင်း (ကြီး) ၂၁၀၀၀၀ ကျပ်နှင့် ၂၁၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း (နီ) ၃၆၆၇ ကျပ်နှင့် ၃၇၅၀ ကျပ်၊ ပဲယင်း (ကြီး) ၃၅၀၀ ကျပ်နှင့် ၃၅၈၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း (နီ) ၄၂၅၀ ကျပ်နှင့် ၄၃၃၃ ကျပ်၊ ပဲယင်း (ကြီး) ၄၀၈၃ ကျပ်နှင့် ၄၁၃၃ ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရှိရပါသည်။
source: https://www.doca.gov.mm
နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲယင်းကြီးစျေးကွက်
Category:
Local News